Tourist visa နဲ့ နယ်စပ်ကနေ လာမယ်ဆိုရင်

Tourist visa နဲ့ နယ်စပ်ကနေ လာမယ်ဆိုရင်
Passing immigration through the border feature image.

When you cross the border with a tourist visa and come by plane, the documents you have to show are often a bit different. The matter of crossing the border with Passport PJ - TR is written below.

Normally, if you come through the border gate, you don't have to show money at immigration. You also don't need to provide a return ticket. (How can you need it because you're choosing the land route. hee) You can show the Thailand address instead of the hotel booking. (The address needs to be correct; be sure to check it.) So it's far away from the flight. However, since the points mentioned above can change at any time if you are crossing the border, I would like to advise you to study the ground conditions before crossing.

Another thing is that if passports with PJ crews don't have an OWIC card, the airline doesn't give a pass for quite a long time. Everyone knows. There are times when TR visa + Passport PJ crews were given a pass at border gates in the past. They just asked for a fine of 500 baht because it was a Passport PJ, and they just gave me a pass. But starting in May 2024, just like the flight rule, if you don't have an OWIC card, you won't be able to get it at all.

But there are still some people who can pass through with the help of agencies. So don't lose your hope right now. But you should be very careful with fake agencies.

May it be ok...


Tourist visa နဲ့ နယ်စပ်ကနေ လာမယ်ဆိုရင်

Tourist visa ကိုင်ပြီး နယ်စပ်ဖြတ်လာတာနဲ့ လေကြောင်းကနေ လာတာက ပြရတဲ့ စာရွက်စာတမ်းတွေ နည်းနည်း ကွဲတတ်ပါတယ်။ Passport PJ - TR နဲ့ နယ်စပ်ဖြတ်တဲ့ကိစ္စကို အောက်မှာ ရေးထားပါတယ်။

ပုံမှန် အားဖြင့် နယ်စပ်ဂိတ်ဖြတ်ပြီး လာမယ်ဆိုရင် immigration မှာ show money မပြရပါဘူး။ Return ticket မပြရပါဘူး။ (ဘယ်လိုမလဲ ကိုယ်က ကုန်းလမ်းက ဖြတ်တာကိုး.. ဟီ) Hotel booking အစား လိပ်စာပေးလိုက်လို့ ရပါတယ်။ (လိပ်စာကတော့ မှန်ကန်ဖို့ လိုပါတယ်၊ သေချာလေး တိုက်စစ်ပါတယ်။) ဆိုတော့ လေကြောင်းလာတာနဲ့တော့ ကွာပါတယ်။ ဒါပေမယ့် ခုနပြောတဲ့အချက်တွေက အချိန်မရွေး ပြောင်းလဲနိုင်တာမို့လို့ နယ်စပ်ဘက်က ဖြတ်မယ်ဆိုရင် မဖြတ်ခင် မြေပြင်အခြေအနေကိုတော့ လေ့လာကြည့်ဖို့ အကြုံပေးချင်ပါတယ်။

နောက်တစ်ခု ရှိတာက PJ သမားတွေ owic card မရှိရင် လေကြောင်းက ပေးမသွားတာကတော့ တော်တော်လေးကို ကြာပါပြီ၊ လူတိုင်း အသိပါ။ TR visa + Passport PJ သမားတွေ အရင်တုန်းက နယ်စပ်ဂိတ်တွေမှာ ပေးသွားခဲ့တဲ့အချိန်တွေ ရှိပါတယ်။။ Passport PJ ဖြစ်နေလို့ ဒဏ်ကြေးဆောင်ဆိုပြီး ဘတ် ၅၀၀ တောင်းတာလောက်နဲ့ ပေးဖြတ်ခဲ့ပါတယ်။။ ဒါပေမယ့် ၂၀၂၄ မေလကစပြီးတော့ လေကြောင်းလိုင်းနည်းတူပဲ owic card မရှိရင် လုံးဝ ပေးမသွားတော့ပါဘူး။

ဒါပေမယ့်လည်း အေးဂျင့်အကူအညီနဲ့ အခုချိန်ထိ ဖြတ်လို့ရတဲ့သူတွေလည်း ရှိနေပါသေးတယ်။ အလိမ်အညာအေးဂျင့်ကိုတော့ အထူးသတိထားစေချင်ပါတယ်။

အဆင်ပြေပါစေ...