ဘန်ကောက်မှာ ဘတ်စ်ကား ဘယ်လိုစီးမလဲ?

The bus will be the most budget-saving public transport in Bangkok. Usually, the bus fares are a lot cheaper than trains and taxis. If you can take the bus smoothly, you will save more for yourself. But there might be a traffic jam usually during office hours. So, be prepared early if you want to take the bus at that time.
The application "Viabus" is the most used app in Bangkok regarding bus related.
You can view the name of the bus stop in the "Viabus" application, and you can view the route of how to go to that point. You can also see how many bus stops and what car numbers you can take on. There's a GPS system in the buses so that you can check for the bus's arrival. Some buses come with air conditioning installed, and some do not. Bus fares are calculated based on your destination, so preparing for a small change like 20 or 50 baht will help.
One thing to be careful of here is that sometimes you need to stop the bus at the bus stop by waving your hands because if there are no passengers at the bus stop, they'll stop the bus. So, you can't sit at the bus stop and wait.
May it be ok...
ဘန်ကောက်မှာ ဘတ်စ်ကား ဘယ်လိုစီးမလဲ?
ဘန်ကောက်မှာ အများသုံးသယ်ယူပို့ဆောင်ရေးထဲမှာ ဘတ်စ်ကားသည် ဘတ်ဂျက်အသက်သာဆုံး ဖြစ်ပါလိမ့်မယ်။ များသောအားဖြင့် ဘတ်စ်ကားတွေက ရထားခ၊ တက္ကစီခတွေထက်စာရင် အများကြီးသက်သာတာကို တွေ့ရပါတယ်။ ဘတ်စ်ကားသာ သေချာစီးတတ်မယ်ဆိုရင် ကိုယ့်အတွက် အသုံးစရိတ်ပိုချွေတာမိမှာပါ။ ဒါပေမယ့် ရုံးသွားချိန်နဲ့ ရုံးဆင်းချိန်ဆို များသောအားဖြင့် ကားလမ်းပိတ်လေ့ရှိတာမို့ ကိုယ်လိုရာခရီးကို အချိန်မီရောက်ချင်ရင် စောစောပြင်ဆင်ပြီးထွက်ဖို့တော့ လိုပါလိမ့်မယ်။
ဘန်ကောက်မှာ ဘတ်စ်ကားကို ကျွမ်းကျွမ်းကျင်ကျင် စီးတတ်ဖို့ "ViaBus" ဆိုတဲ့ Application ကို ဖုန်းထဲမှာ ဆောင်ထားသင့်ပါတယ်။

"ViaBus" Applicationမှာ ကိုယ်ရောက်နေတဲ့ မှတ်တိုင်နာမည်ကို ကြည့်လို့ရပြီး အဲ့မှတ်တိုင်ကနေ ဘယ်နေရာတွေကို ဘယ်လိုသွားလို့ရလဲဆိုတဲ့ လမ်းကြောင်းတွေပါ ကြည့်လို့ရပါတယ်။ ရောက်မယ့် ကားနံပါတ်တွေဘယ်နှစ်မှတ်တိုင် စီးရမလဲ ကားစီးနေရင်း ဘယ်မှတ်တိုင် ရောက်နေပါပြီ စတာတွေကိုပါ ကြည့်လို့ရပါတယ်။ ဘတ်စ်ကားတွေမှာ GPS System ပါတာမို့ ကားဘယ်အချိန်လာမလဲဆိုတာပါ ကြည့်လို့ရပါတယ်။ ဘတ်စ်ကားတွေမှာလည်း Aircon ပါတာ ရှိသလို Aircon မပါတဲ့ ကားလည်း ရှိပါတယ်။ ကိုယ်သွားမယ့် မှတ်တိုင်ခရီးအလိုက် ကျသင့်ငွေကောက်တာမို့ coin တွေလဲထားတာမျိုး ဘတ်၂၀တန် / ၅၀တန် မျိုးတွေကို များများလဲထားတာမျိုးက ပိုအဆင်ပြေပါလိမ့်မယ်။
ဒီမှာ တစ်ခု သတိထားရမှာက တစ်ချို့ မှတ်တိုင် တော်တော်များများက ဘတ်စ်ကားက ဆင်းမည့်သူ မရှိရင် မရပ်ပါဘူး။ ဆိုတော့ ကိုယ်စီးမည့် ကားဆိုရင် မှတ်တိုင်မှာ ထိုင်နေလို့ မရပ်ပါဘူး၊ မတ်တတ်ရပ်တားမှ ရပ်ပေးတာပါ။
အဆင်ပြေပါစေ...