လာအို Vientiane မှာ Tourist visa လျောက်နည်း

You must book online first. You can get it here. Click on the link. Appointment booking is open until the next month. If you want, you can show the mail from your phone without printing the ticket. The visa run takes 2 days, so please count the number of possible days to stay in Laos when booking. Weekends/public holidays often take longer. After appointment booking, download and print the application form and fill in the information in advance.
Documents required to run visa
- Application form
- Passport bio copy
- Copy of Laos visa entry stamp
- Hotel booking
- Flight return ticket (Thailand to Myanmar)
- Bank Statement (last 3 months)
If you have the above-required documents, you can apply for a TR Visa to Laos Vientiane. From Bangkok, go to Nong Khai Station. When you arrive at Nong Khai Station, you can walk to the border or take a minibus. There is also a Tok Tok.
When you get to the border, you have to go through Thai immigration first. Then you have to take a bus to cross to Laos. When you arrive at Laos immigration, ask for a form from the officer sitting at the table. If you ask them to fill out a form, you have to pay 40 baht. After filling out the form, hand it over with 20 baht and your passport. Keep a small part of the form they return. You'll need to show this when returning to Thailand. If you lose it, you can fill in a new one. After going through immigration, you can just take a taxi and go to your hotel.
The rest of the process is the same as applying for a TR visa to Savannakhet. Check it out here.
May it be ok...
လာအို Vientiane မှာ Tourist visa လျောက်နည်း
ပထမဆုံး အွန်လိုင်းဘိုကင် ယူထားရပါမယ်။ ဒီမှာ သွားယူလို့ ရပါတယ်။ လင့်နှိပ်ရန်။ ဘိုကင်က နောက်တစ်လစာအထိ ဖွင့်ပေးထားပါတယ်။ ဘိုကင်ကို print မထုတ်ပဲ ဖုန်းထဲက mail ပြလို့ရပါတယ်။ Visa run တာက ၂ ရက်ကြာတာမို့လို့ ဘိုကင်ကို ရက်တွက်ယူပါ။ Weekend/public holidays တွေနဲ့တိုက်သွားရင် ရက်ပိုကြာတတ်ပါတယ်။ ဘိုကင် ယူပြီးရင် application form ကို download ဆွဲ print ထုတ်ပြီး အချက်အလက်တွေ ကြိုဖြည့်ထားလိုက်ပါ။
Visa run ဖို့ လိုအပ်တဲ့စာရွက်စာတမ်းတွေကတော့
- Application form
- Passport bio မိတ္တူ
- Laos Visa entry stamp မိတ္တူ
- Hotel booking
- Flight return ticket (Thailand to Myanmar)
- Bank Statement (၃ လစာဆိုရ)
စာရွက်စာတမ်းတွေ ဆုံပြီဆိုရင်တော့ Laos Vientiane ကို Tr Visa သွားလျှောက်လို့ရပါပြီ။ ဘန်ကောက်ကနေ Nong Khai Station ကို သွားပါ။ Nong Khai Station ရောက်ရင် border ကို လမ်းလျှောက်သွားလို့ရသလို လိုင်းကားလေးတွေလည်း စီးလို့ရပါတယ်။ Tok Tok လည်းရှိပါတယ်။
Border ရောက်ရင် Thai immigration အရင်ဖြတ်ရပါမယ်။ ပြီးရင် လာအိုဘက်ကူးဖို့ ဘတ်စ် စီးသွားရပါမယ်။ Laos immigration ရောက်ရင် စားပွဲချပြီး ထိုင်နေတဲ့ တာဝန်ရှိသူတွေဆီက form စာရွက်လေးတောင်းလိုက်ပါ။ သူတို့ကို form ဖြည့်ခိုင်းရင်တော့ ဘတ် ၄၀ ပေးရပါမယ်။ Form ဖြည့်ပြီးရင် form နှင့်အတူ ဘတ် ၂၀ + passport တွဲကိုင်ပြီး ပေးလိုက်ယုံပါပဲ။ သူတို့ပြန်ပေးတဲ့ form တစ်ပိုင်းလေးကို သိမ်းထားပါ။ ထိုင်းပြန်ကူးတဲ့အခါ ပြရပါတယ်။ ပျောက်ခဲ့ရင် အသစ် ပြန်ဖြည့်ရပါတယ်။ Immigration ဖြတ်ပြီးရင်တော့ ကိုယ်တည်း ဟိုတယ်ကို ကားငှားသွားလိုက်ယုံပါပဲ။
နောက်တစ်ဆင့်တွေကတော့ လာအို Savannakhet မှာ TR visa ယူတာနဲ့ အတူတူပါပဲ။ ဒီမှာဖတ်ရန်။
အဆင်ပြေပါစေ...